Sunday, December 30, 2012

မုတ်ဆိုးမဖြစ်ကျန်ခဖို့နှင့်ရာ

ရခိုင်နိုင်ငံတော်ကို ဗမာမြန်မာတိတက်သိမ်းလို့ ကျဆုံးလားရေရခိုင်သူ၊ ရခိုင်သားတိ၊ ရခိုင့်တော်လှန်ရေးအဆက်ဆက်မှာ အသက်စွန့်ကျဆုံးလားရေရခိုင့်သူရဲကောင်းတိကို ရည်စူးပြီးကေ ဘုန်ကြီးကျောင်းမှာ ဆွမ်းကျွေးအလှူဒါနလုပ်ဖို့ မွန်းတည်းဆွမ်းအတွက် ဆွမ်းအုပ်ကိုယ်စီနန့် စာချေရို့မိသားစု ဘုန်းကြီးကျောင်ကို ရောက်လာကြ၏။

မွန်းတည်းဆွမ်းသုံးပြီးရေနောက် ကျောင်းထိုင်ဆရာတော်ကြီးလေ့ သီလပီးအမျှဝီရန် သင်္ဃာတန်းရှိ တရားဟောပန္လင်ထက် တက်ထိုင်လိုက်၏။ စာချေရို့မိသားစုလေ့ ဆရာတော်ရှိမှောက် ထိခြင်းငါးပါးနန့်အညီ တရားတော်နာယူရန် အသာအယာ နီရာယူ ၀င်ထိုင်လိုက်၏။
မုတ်ဆိုးမဖြစ်ကျန်ခဖို့နှင့်ရာ

တရာတော်နာအပြီး သတ္တ၀ါပေါင်းစုံးရို့နန့် အထက်အောက် သုံးဆယ့်တဘုံကျင်လည်ကြသော အသက်ဟိအရာဟူသမျှအား အမျှဝီရီစက်ချပြီးနောက် စာချေဘာဘာက…
``ယ္ခုပြုသမျှကုသိုလ်ကောင်းမှုများကို ရခိုင်ပြည်ကျူးစစ်အတွင်းကျဆုံးလားရေ ရခိုင်သူ၊ ရခိုင်သားတိ၊ ရခိုင့်တော်လှန်ရေးအဆက်ဆက် သက်စွန့်လားရေသူရဲကောင်းအားလုံး ကောင်းရာသုခတိကို ရောက်ကြပါစီ။ နောင်လာလတံ့သော ဘ၀အဆက်ဆက်မှာလေ့ အမျိုးဘာသာကို ကာကွယ်နိုင်သော သူရဲကောင်းများ ဖြစ်ကြပါလီ..။ ဤကုသိုလ်ကောင်းမှု မှန်ကန်ပါက အကျွနှုပ်သည်လည့် နိမ္ဗာန်မဖိုလ်ကို အချိန်တိုတို၊ ရက်တိုတိုနန့် ရောက်ရပါလို၏…. အသျှင်ဘုရား……`` ဟုတ် ဆုတောင်လိုက်တေ..။
``ယာ.. ဘာဘာ…။ မှားနီယာ ဘာဘာမှာ။ ဘာဘာရာ နိမ္ဗာန်မဖိုလ်ကို အချိန်တိုတို၊ ရက်တိုတိုနန့် ရောက်လားကေ မိမိမုတ်ဆိုးမဖြစ်ကျန်ခဖို့နှင့်ရာ…။ မိမိရာ မုတ်ဆိုးမဖြစ်ကျန်ခကေ ဗမာမြန်မာတိ မောင်မောင်ရို့အိမ်ကို စစ်မတိုက်ရဘဲ တက်သိမ်းပြီးသား ဖြစ်လီဖို့ယေ……။ မောင်မောင်က ဗမာမြန်မာကို ပထွီးမတော်ချင်။`` စာချေ အဖသည်ပေါင်ကိုဆိပ်ပြီးကေ တိုးတိုးချေပြောလိုက်တေ..။
``အဲ…. ဟုတ်တေကာ ဝေး…..``
စာချေဘာဘာတယောက် ချွဲးပြန်လားရလီ၏။

ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၁၂၊ ၂၀၁၂
Glada Hudik

2 comments:

  1. အေချင့်ထက်ရွီးနိုင်ပါစီ

    ReplyDelete