Thursday, December 13, 2012

တိုင်းရင်းသားနိ့

စာချေတယောက် ညာဇာဖက်သား ပျင်းပျင်းရိရိနန့် အိမ်ရှိခန်းကို ထွက်ပါလတ်တေ..။ ဘာဘာက ရီဒီယိုဖွင့်လို့ ဘီဘီစီနားထောင်နီရေ…။ ဘာဘာပေါင်မှာ တက်ထိုင်လိုက်တေ။ ဘာဘာက ဘီဘီစီကို အာရုံစိုက်လို့နားထောင်နီရေ။ စာချေကိုလေ့ တိန်းနီဖို့ နှစ်ခမ်းထက်မှာ လက်ညှိုးတင်လို့ ပြလိုက်တေ။ စာချေက အဌာပေါက်တေ။ နားထောင်ယင်းနားထောင်ယင်းနန့် ဘာဘာနန့် အိမ်တာဗျူးလေ့ပါရေထော။

```ကျန်တော်တို့ ယခိုင်တိုင်းရင်းသားတွေဟာ တခြားလူမျိုးတွေထက် သမိုင်းအစဉ်လာကျီးပါတယ်။ ဒီလို ကျီးမားတဲ့သမိုင်တွေကိုထိမ်းသိမ်းဖို့ သမ္မတကျီးနန့်တကွ စစ်တပ်အပါအ၀င် ပါလီမာန်မှာ တင်ပျထားပါတယ်´´´´´
ဘာဘာမျက်နှာကို မော်ကြည့်ပြီးကေ အားပီးလက္မထောင်ပြလိုက်တေ။ ဘာဘာက စာချေဂေါင်းကိုပွတ်လို့ ဖက်ထားလိုက်တေ။


ဆက်နားထောင်နီယင်းပင် CNF က ဗမာမြန်မာအစိုးနန့် အပစ်ခိုက်ရပ်စဲလိုက်တေ သတင်ပေါ်လာရေ။ CNF အတွင်းရေးမှုက ၁) ချင်းအမျိုးသားနိကို ချင်းလူထုသဘောထားအရ သတ်မှတ်ကျင့်ပရေး၊ ၂) ချင်းပြည်ထောင်ထွက် သဘာဝသယံဇာတများကို ချင်းလူထုသဘောတူညီချက်မဟိဘဲ တူးဖေါ်ရောင်းချခြင်း မပြုရ။ ၃) ချင်ပြည်တိုးတက်ကောင်းမွန်းလာရေးနန့် ပါတ်သက်၍ ကားလမ်းများ၊ တန်းထက်များ တည်ဆောက်ရေး။ စီးပွားရေးမားကပ်ကြီးများတည်ရေး စရေစရေ အကြောင်းတိကို ရီဒီယိုကတဆင့် ပြောကြားလားခရေ..။

စာချေ မိတ်ကိုလက်ထောက်နီယင်း စိုင်းစားစရာတခု ၀င်ပါလတ်တေ။ မချင်းမချင်းဖြစ်နီရေ ဥဏှောက်ကို ဘာဘာကိုမီးကြည့်လိုက်ကေ ကြိုင်ဖို့တေ..။

``ဘာဘာ…ဘာဘာ...ချင်းတိမှာ ချင်းအမျိုးသားလို့ပြောရေ..။ ဘာဘာက ဇာဖြစ်လို့ ရခိုင်တိုင်းရင်းသားလို့ ပြောစွာလဲ..။ ဇာနိက တိုင်းရင်းသားဖြစ်လားစွာလဲ ဘာဘာ´´´´
```ယင်းသူရို့နန့် ငါရို့နန့်မတူဝေး...ပဒရီဖင်ကြားကျပ်တေတိ ယင်းကောင်တိ။´´´
```ယကေ ချင်းတိမှာ ချင်းအမျိုးသားနိကျင့်ပဖို့လတ်..၊ ရခိုင်သားတိမှာလေ့ ရခိုင်တိုင်းရင်းသားနိ ကျင့်ပပါဖို့လား.. ဘာဘာ´´´
```ကောင်းစကားများရေ အေသူ´´ ဟောက်ထုတ်လိုက်တေ..။ စာချေလေ့ မချင်းမချင်ဖြစ်နီရေ ဥဏှောက် မကြိုင်လာဘဲ ဆင်ခေါင်းလီတိုက်တေပိုင် ခံစားလိုက်ရရေ..။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၁၂ ၂၀၁၂
Glad Hudik

No comments:

Post a Comment