Wednesday, December 12, 2012

တလက္မလေ့လျှော့မပီး


စာချေတယောက်ကျောင်းဆင်းလို့ အိမ်အပြန်းလမ်းမှာ နိုင်ငံရေးပါတီတခုက မကြာခင်ကဖြစ်လားခရေ အဓိဂရုံးနန့်ပါတ်သက်လို့ နိုင်ငံရေးဟောပြောပွဲ့တခုလုပ်နီရေ နီရာကိုရောက်လားခရေ။ ဇာလဲကု လူအုပ်ထဲကို ၀င်ကြည့်လိုက်တေ။
စင်ထက်မှာရပ်လို့ စိတ်ပါလက်ပါ တရားဟောနီစွာလူက … အူး.. ဘာဘာရာမလား စိတ်ထဲမှာဂုဏ်ယူအနီထားနန့် အာရုံစိုက်နားထောင်လိုက်တေ။

```ရခိုင်ပြည်ကိုကျူးကျော်လာရေလူတိကို တလက္မလေ့လျှော့မပီး။ အမျိုး
သီလန

ှစ်ဌာနကို အသက်ပီးလို့ကာကွယ်လားဖို့..။ ရခိုင်မှန်ကေ အမျိုးစစ်တေ၊ ရခိုင်မှန်ကေ ဗုဒ္ဓဘာသာရာဖြစ်ရဖို့..။´´´´´


ရခိုင်မှန်ကေ အမျိုးစစ်တေဆိုစွာ ဇာပြောစွာလေ။ စာချေဂေါင်းထဲမှာ ဇ၀ီဇ၀ါဖြစ်လား။ …. အမေကြီးနန့် ထောက်လှန်းရေစစ်ဗိုလ်နန့်…။ အမေလပ်က ခလရ ၅၃၈ က တပ်ကြပ်ကြီးနန့် အချေငါးယောက်တောင်၊ ….အကိုလပ်က ကယင်ပြည်မှာတော်လှန်ရေလုပ်လို့ ကယင်မချေနန့် အိမ်ထောင်ကျပြီးကေ ဒုက္ခသည်စခန်းဝင်လားရေလို့ ကြားရရေ…။ အကိုယ်ကြီးက ချင်းအမျိုးသမီးနန့် အမေရိကကို ဒုက္ခသည်အဖြစ်လျှောက်ထားရေ ပြောရေ…။ စာချေဂေါင်းထဲကို စိုင်းစားစရာတိ တခုပြီးကေတခု ၀င်ပါလတ်တေ။ စာချေချွဲ့ပြန်ပါလတ်တေ။ စစ်တပ်ရောက်လာကေ ဘာဘာကရွာကလူကြီးတိနန့် ကင်းစောင့်..။ အမိမိက ဗျူဟာမှုနန့် ထိုပိုင်ဒေပိုင်ပြောကတ်တေ….။ အုံ…အူးခ်..ငါက အမျိုးစစ်ယင့်လားကု…ကိုယ့်စွာကို စိုက်ကြည့်လိုက်တေ..။ အာ..မဖြစ်ဖြစ် အိမ်ပြန်ရဖို့..။
ကောင်းမကြာခင် စာချေဘာဘာတယောက် တခြားဂုဏ်သရည်ဟိလူကြီးတိနန့် အိမ်ပြန်ပါလတ်တေ။ စိတ်ထဲမှာဇောခြွီးပြန်နီရေ စာချေက ```ဘာဘာ…ဘာဘာ…၊ ဘာဘာ ပြောရေ ကျူးကျော်သူကို တလက္မလေ့လျှော့မပီးဆို… မောင်ရို့အိမ်ထက်မှာ စစ်သားတိကျဲယာကာ..။ ဘာဘာပြောရခိုင်မှန်ကေ အမျိုးစစ်တေဆို… မောင်မောင်က မျိုးစစ်ပါလား ဘာဘာ….။

စာချေဘာဘာတယောက် ဂေါင်းခြစ်လို့ မယားမျက်နှာကိုတချက် လှမ်းကြည့်လိုက်ပြီးကေ ``ငါ့ခြံထဲမှာဟိစွာ ငါ့နွားယာဝေ..။ တလက္မလေ့လျှော့မပီးဆိုကေလေ့ ၀င်လားစွာကိုဝေ ယောက္ဖခေါ်လိုက်..´´´´ လှမ်းပြောလိုက်တေ..။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၀၊ ၁၂၊ ၂၀၁၂

No comments:

Post a Comment