စာချေတယောက်အိမ်ထဲမှာနီရစွာ
ပျင်းလွန်းလို့ အိမ်ရှိကခုန်တန်းချေမှာ ထိုင်နီ၏။ လမ်းလားလမ်းလာလူတိကို ကြည့်ပြီးကေ
သူ့ကိုသူကြည်နုနီပုံပေါ်၏။ တနားလောက်အကြာမှာ စာချေဘကျီး (ဘကြီး) တယောက် ဇာကပြန်လာမှန်းမသိ၊
လမ်းလျှောက်ပြန်လာစွာကို စာချေလှမ်းမြင်လိုက်၏။ ဘကျီးကို အ၀ီးကပင်လှမ်းကြည့်နီယင်းပင်…အို…ငါရို့ဘကျီးလေ့
လွယ်စွာလူက မဟုတ်၊ ကောင်းလူခန့်ရာ မလား၊ ကောင်းလူကြီးလူကောင်းရာ လူရာမလား၊ ဗမာမြန်မာနိုင်ငံ
ဒီမိုကရေစီနိုင်ငံရေးလောကမှာဆိုကေ ထိပ်တန်းဂေါင်းဆောင်တိ...။ စိုင်စားနီယင်းနန့်ပင်
ဘကျီးက အနားကိုရောက်လာလတ်၏။
``အစည်းဝေးက
ပြန်လာရေ``
``ဘကျီမှာလေ့
အစည်းဝေးတက်လိုက်၊ ညီလာခံတက်လိုက်၊ အဖွဲ့စည်းဖွဲ့လိုက်နန့် ထောင်လေ့ဇာနှစ်ခါကျပျာ မသိ။
စကားမစပ် ဇာအစည်းဝေးက ပြန်လာစွာပါလဲ့`` မနှစ်သက်၊ မခံချင်ရေပုံချေနန့် ပြန်မီးလိုက်၏။
``ဟုံ…ဟုံ…ကောင်းစကားတတ်လာရေကား
အေသူချေ။`` နှုတ်ခမ်းချေ မပွင့်တပွင့်ပြုံ့ပျာ စာချေဂေါင်းကို ပွတ်သတ်ပြီး ပြန်ဖြေလာ၏။
``ကြီးလာကေ အမျိုးသားရေးလုပ်ဖို့ အေကုပင် စာကြိုးစားရဖို့ကားဝေး စာချေ။ အနာဂါတ်ရေ မင်းရို့လူငယ်တိလက်ထဲမှာ
ဟိရေ`` လီသံဖြည်းဖြည်ချေနန့်၊ တာဝန်ပီးစကားတိ ပုံချလိုက်၏။
``ဘကျီးမှာလေ့
အဘောင်သျှင်ခေါ်ရေ အစည်းဝေးကလီသံတိကို နားထောင်ယင်းနန့် အအီးပါတ်နီရေအဆုပ်မှာကင်ဆာထပ်နီပါပျာ။
မောင်မောင်ရို့ဘာဘာမှာလေ့ အဖိုးသျှင်ခေါ်ရေအစည်းဝေးတက်ဖန်များလို့ နဖူးမှာလီသလပ်လို့
အအီးပါတ်နီရေဥဏှောက်မှာ ကင်ဆာဖြစ်နီပါရေ``
ခိုင်မြသိန်း
(ချောင်သာကြီး)
၂၀၁၃၊ ၀၁၊
၁၂
Glada Hudik
No comments:
Post a Comment