Wednesday, January 7, 2015

လက်ညှိုးထောင်အာဏာသိမ်းဥက္ကဌ

စာချေတယောက် ရှက်ကြောက်တေမျက်နှာနန့် ကျောင်းကိုလမ်းလျှောက်လားနီရေ။ သူငယ်ချင်းတိက ခါတိုင်းထက် စာချေကို ကောင်းအလေးထားလာကတ်တေ ပုံပေါ်ရေ။ တလေးတစား ဆက်ဆံလာကတ်တေ။ ဖေါ်ဖေါ်ရွယ်ရွယ်၊ လိုလိုလားလား ဆက်ကတ်တေ။ မျက်နှာလိုမျက်နှာရ သူငယ်ချင်းတိလေ့ များလာရေ။ မိမ္မချေတိလေ့ အဌာပီးကတ်၊ မျက်စပစ်ကတ်၊ ကျာပစ်ကတ်နန့် စာချေတယောက် နီရထိုင်ရ ကောင်းခက်နီပျာ။ ယေလီ စာချေရှက်လာလီ။ ကိုယ့်ကိုသိက္ခာမဟိရေ လူတယောက်ပိုင် ထင်လာလီ...။

``အဝေး...စာချေ.....ကောင်းပျောက်တေကာ..မင်း..``` ကျောင်းတက်ဖက်သူငယ်ချင်းတယောက်က အော်လိုက်တေ။ ``ကျောင်းလေ့တက်ချင်စိတ် မဟိ၊ အပြင်လေ့ထွက်ချင်စိတ် မဟိ၊ ယင်းအတွက်နန့် အိမ်မှာကုတ်နီရေဝေ..``` ရှက်ကြောက်မျက်နှာနန့် ပြန်ဖြေလိုက်တေ။

``သံတွဲမှာလုပ်တေ ရခိုင်အမျိုးသားပါတီညီလာခံမှာ မင်းဖဥက္ကဌဖြစ်လားရေ။ ဖြစ်နိုင်ရေ၊ လုပ်နိုင်ရေအရည်ခြင်းလေ့ ဟိရေဝေ။ ငါရို့က ကောင်းဂုဏ်ယူရေဝေ..။ ရခိုင်တမျိုးသားလုံးဂေါင်းဆောင်ဝေ။ အေချင့်ထက် ဇာပိုင်ဂုဏ်စရာ ဟိခီဖို့သိမ့်လဲ။ မင်းဖစွာ အမျိုးသားဂေါင်းဆောင်ဝေ..။ ဂုဏ်ယူရေဝေ သူငယ်ချင်း။ မင်းနန့်သူငယ်ဖြစ်ရစွာကို ဂုဏ်ယူလို့မဆုံး..။ ငါရို့ကို မမိ့ကဲ့နန်း..။

ယေလီ စါချေ ရှက်လီ၊ သွီးပုတ်တိ မျက်နှာတက်လီ။ အေသူရို့ ငါကိုသရော်နီကတ်စွာလာ ထင်လီ..ဖြစ်နီရေ။

``အဝေး..သူငယ်ချင်း ရခိုင်ဘုရင့်နိုင်ငံတော်မှာ မဟာဿ      ဒရာဇာမင်းကို တိုင်သူပြည်သားတိက၊ နန်းတွင်းသူနန်းတွင်းသားတိက၊ မင်းမျိုးမင်းဆွေတိက၊ တတိသိပညာသျှင်တိက ရွီးကောက်ပွဲ့နန့် တိုင်ပြည်ကိုအုပ်ချုပ်ဖို့ မင်းမြှောက်ခရေ။````

``ငါရို့ဘာဘာပိုင် ဖင်ခြစ်လက်ညှိုးထောင်လို့ ငါဥက္ကဌလုပ်ဖို့ဆိုပြီးကေ အာဏာသိမ်းလို့ ရာထူးကိုရယူခစွာ မဟုတ်။ စိတ်ဓါတ်နိမ့်ကျညံ့ဖျင်းရေ ဗမာမြန်မာတိလက်အောက်မှာ ဟိနီသမျှကာလပါတ်လုံး သူရို့တိပိုင် ငါရို့ရခိုင်သားတိလေ့ ငါရို့ဘာဘာပိုင် ဖင်ခြစ်လက်ညှိုးထောင်ဥက္ကဌတိ အရာအများကြီးပေါ်လာဖို့စွာကို တွေးပြီးကေ ငါရှက်နီတေဝေး.....မောင်ကံကြီး....ငါရှက်တေ..။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၇၊ ၁၀၊ ၂၀၁၄
Glada Hudik

No comments:

Post a Comment